သင်သည် မတော်တဆထိခိုက်မှုနှင့် ကြုံတွေခဲ့လျှင် ယာဉ်ကိုရပ်ပြီး သင့်အတွက် ဘေးကင်းလုံခြုံရသောနေရာသို့ သွားပါ။
အရေးပေါ်အကူအညီလိုအပ်လျှင် ရဲဌာန ၁၉၉ သို့ ဆက်သွယ်ပါ။ သင်သည် ဆေးဝါးကုသမှုလိုအပ်ပါက ၁၉၂ သို့ ဆက်သွယ်နိုင်ပါသည်။
အကူအညီစောင့်ဆိုင်းနေစဉ် အောက်ဖော်ပြပါအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါ။
၁။ သင်၏ယာဉ်ကို ရပ်ပါ။
- အရင်ဆုံး သင်၏ စိုးရိမ်မှုများကိုလျော့ပြီး စိတ်ကိုတည်ငြိမ်အောင်ထားပေးပါ။
- သက်သေအထောက်အထား မှတ်တမ်းယူမှုမပြီးခင် သင်၏ယာဉ်ကို မရွှေ့ပါနှင့်။
၂။ ဒဏ်ရာအတွက် စစ်ဆေးပါ။
- ဆေးဝါးကုသမှုလိုအပ်ပါက ၁၉၂ သို့ဆက်သွယ်ပေးပါ။
- ဆေးဝါးကုသမှုအတွက် စောင့်ဆိုင်းနေစဉ်အတွင်း မလိုအပ်ဘဲ ယာဉ်ကိုမရွေ့ပါနှင့်။
၃။ သတင်းအချက်အလက်များ စုဆောင်းပေးပါ။
- ပျက်စီးမှုဖြစ်သွားခဲ့သော နေရာနှင့် ပတ်ဝန်းကျင်များကို ဓါတ်ပုံရိုက်ထားပါ။
- ခရီးသည်မှ ဆန္ဒရှိလျှင် သင်၏သက်သေအဖြစ် ပူးပေါင်းကူညီပေးရန် ဖုန်းနံပါတ်ရယူထားနိုင်ပါသည်။
- ယာဉ်မတော်တဆမှု၏ သက်သေအထောက်အထားများကို တက်နိုင်သမျှ ရယူထားပါ။
- မတော်တဆမှုဖြစ်ပွားခဲ့သော အချိန်နှင့်နေရာကို တိကျစွာရေးမှတ်ထားပေးပါ။
- အမှုတွင်ပါဝင်ပါတ်သက်သူများ၏ အောက်ပါအချက်အလက်များကို လဲလှယ်ရယူပါ။
- အမည်အပြည့်အစုံ
- မှတ်ပုံတင်
- လိပ်စာ
- ဆက်သွယ်ရန် ဖုန်းနံပါတ်
- ကားနံပါတ်
- အာမခံကုမ္ပဏီအမည်
၎။ မတော်တဆဖြစ်ပွားမှုကို ၂၄နာရီအတွင်း REPORT တင်ပေးပါ။
- သင်၏ကားသည် မောင်းနှင်ရန် အဆင်မပြေ လုံခြုံမှုမရှိလျှင် သင့်အား တရားဝင် ခွင့်ပြုထားသော Car Workshop ကို ဖုန်းဆက်ပါ။
- အခြား သက်ဆိုင်ရာ ပုဂ္ဂလိကစစ်ဆေးမှုများ မပြုလုပ်ခင်မှာ သင့်အား တရားဝင်ခွင့်ပြုထားသော Car workshop နှင့် စစ်ဆေးပေးပါ။
- ကြည့်ရှုစစ်ဆေးမှုအတွက် သင့်အား တရားဝင်ခွင့်ပြုထားသော car workshop သို့ သင်၏ ယာဉ်ကို ယူဆောင်သွားပါ။
- ခရီးသည်အနေဖြင့် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါက ဆေးကုသစားရိတ်အား သတ်မှတ်ထားသောစည်းမျဉ်းများအတိုင်း တောင်းဆိုနိုင်ပါသည်။
-
၎င်းယာဉ်မတော်တဆမှုတွင် ဒါဏ်ရာပြင်းထန်ခြင်း၊ လူသေဆုံးခြင်း၊ လူကူးမျဉ်းကျားပေါ်တွင်ဖြစ်ပွားခြင်း၊ စက်ဘီးကဲ့သို့ယာဉ်ငယ်နှင့် ထိခိုက်မိခြင်း၊ အစိုးရ သို့မဟုက် နိုင်ငံခြားအဖွဲ့အစည်းနှင့် သက်ဆိုင်သာယာဉ်များ၊ အစိုးရပိုင်ယာဉ်များ ပါဝင်ပါက Traffic Accident Report ကို ၂၄ နာရီအတွင်း တင်ပြပေးရန်လိုအပ်ပါသည်။
အသုံးပြုရမည့် Links များ
- Traffic accident report ကို online မှ တင်သွင်းနိုင်ပါသည်။
- မတော်တဆဖြစ်မှုနှင့် ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် များကို နားလည်ရမည်ဖြစ်ပါသည်။
အောက်ပါ Button ကိုအသုံးပြုပြီး ဖုန်းခေါ်၍ဖြစ်စေ ၊ Form ဖြည့်၍ဖြစ်စေ အသိပေးအကြောင်းကြားနိုင်ပါသည်။
Comments
0 comments
Article is closed for comments.