ထိုသို့အခြေအနေမှာ ခက်ခဲနိုင်ပါသော်လည်း ပုဂ္ဂိုလ်ရေးအရမှတ်ယူခြင်းမပြုစေချင်ပါ။ တူညီသောအပြုအမူနှင့် ပြန်လည်တုံ့ပြန်ခြင်းမပြုပဲ စိတ်အေးအေးထားပေးစေလိုပါတယ်။
အခြေအနေအများစုတွင် တိတ်ဆိတ်စွာဖြင့်သာ ခရီးစဉ်အားပြီးဆုံးအောင် ဘေးကင်းစွာဖြင့်ပို့ဆောင်ပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ သို့သော်လည်း ခရီးသည်မှ ရုန်းရင်းဆန်ခတ်ပြုမူလာပါက သင့်ရဲ့ဘေးကင်းစေရေးအားဦးစားပေး၍ လူသွားလူလာရှိသောနေရာသို့ရောက်အောင်မောင်း၍ ခရီးသည်အားဘေးကင်းစွာပို့ဆောင်ပေးခဲ့ပါရန်။
အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ခရီးစဉ်ပြီးဆုံးသည်နှင့် တပြိုင်နက် ခရီးစဉ်အားအဆင့်သတ်မှတ်၍ သင့်ရဲ့မှတ်ချက်များထည့်သွင်းရေးသားစေခြင်းပြုလုပ်စေလိုပါတယ်။ အဆင့်သတ်မှတ်ခြင်းစနစ်ဟာ မိတ်ဖက်များရဲ့ဝန်ဆောင်မှု အတွေ့အကြုံမြင့်မားစေရေးထိန်းသိမ်းရာတွင် အထောက်အကူပြုပါတယ်။
အဆင့်သတ်မှတ်ပေးခြင်းမပြုလုပ်ရသေးပါကလဲ စိတ်မပူပါနှင့်။ ပြီးခဲ့သောတပါတ်အတွင်းပြီးဆုံးခဲ့ပြီးသော ခရီးစဉ်များအား History မှတဆင့်ဝင်ရောက်အဆင့်သတ်မှတ်ပေးနိုင်ပါသေးတယ်။
လက်ရှိမှာတော့ ခရီးစဉ်အတွက် အဆင့်သတ်မှတ်ခြင်းပေးပို့ပြီးပါက ပြန်လည်ပြောင်းလဲ၍မရနိုင်တော့ပါ။
Comments
0 comments
Article is closed for comments.