မိတ်ဆွေထံသို့ လွယ်ကူစွာဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကိုသာ အသုံးပြုပေးရန် တောင်းဆိုလိုပါတယ်။ Driver App ထဲတွင် သင်၏ဖုန်းနံပါတ်အား အောက်ပါအတိုင်း လွယ်ကူစွာပြောင်းလဲနိုင်ပါတယ်။
- ဖုန်းမျက်နှာပြင်အောက်ဆုံး၏ ညာဘက်ထောင့်ရှိ More ကို နှိပ်ပါ။
- သင့်အမည်နှင့် Profile and Settings သို့ ဝင်ပြီး သင့်အမည်၊ ကားနံပါတ်နှင့် ဖုန်းနံပါတ်တို့ ဖော်ပြထားသည့်နေရာကို ထပ်မံနှိပ်ပေးပါ။
- Personal Information အောက်တွင် ဖုန်းနံပါတ်ကို မြင်ရမည်ဖြစ်ပြီး ထိုနေရာကိုထပ်မံနှိပ်ပါ။
- ထပ်မံမြင်တွေ့ရမည့် မျက်နှာပြင်တွင် သင့်ဖုန်းနံပါတ်အဟောင်းကိုဖျက်၍ အသစ်အသုံးပြုမည့် ဖုန်းနံပါတ်ကို ရေးထည့်ပြီး NEXT ကို နှိပ်ပါ။
- အတည်ပြုရန်ကုဒ်နံပါတ်ကို သင်၏ ဖုန်းနံပါတ်အသစ်သို့ ပို့ပေးမှာဖြစ်ပါတယ်
- အတည်ပြုကုဒ်နံပါတ် ၆ လုံးကို ထည့်သွင်းပြီးပါက သင်၏ ဖုန်းနံပါတ်အသစ်ပြောင်းလဲမှု ပြီးဆုံးပါပြီ။
- အကယ်၍ အတည်ပြုကုဒ်နံပါတ် ၆ လုံး မရရှိခဲ့ပါက Request new code ကို နှိပ်ပြီး ထပ်မံတောင်းဆိုပါ
အကယ်၍ ကုဒ်ရရှိရန် (သို့မဟုတ်) ထည့်သွင်းရန် Error ရှိနေပါက အောက်ပါအချက်များကို ပြန်လည်စစ်ဆေးပေးစေလိုပါတယ်။
- ရေးထည့်သည့် အတည်ပြုကုဒ် ၆ လုံးသည် မှန်ကန်မှုရှိ/မရှိ စစ်ဆေးပါ
- ရေးထည့်ထားသည့် ဖုန်းနံပါတ်အသစ်သည် မှန်ကန်မှု ရှိ/မရှိစစ်ဆေးပါ
- သင့်ဖုန်းနံပါတ်အသစ်သည် SMS လက်ခံရရှိနိုင်မှုရှိ/မရှိ စစ်ဆေးပါ
အကယ်၍ အထက်ပါအချက်အလက်များအတိုင်း စစ်ဆေးလုပ်ဆောင်ပြီးသည့်တိုင်အောင် သင်၏ဖုန်းနံပါတ်အား အသစ်ပြောင်းလဲ၍ မရပါက အောက်ပါ Form ငယ်ကို ဖြည့်ပြီး ကျွန်ုပ်တို့ထံ အကြောင်းကြားပေးစေလိုပါတယ်။
Comments
0 comments
Article is closed for comments.