ပထမဦးစွာ Grab Driver App ၏ ဘယ်ဘက်ဘေးနားက Menu () ထဲမှ GrabPay Wallet ထဲသို့ ဝင်ရောက်ပါ။
ထို့နောက် ထပ်တွေ့ရမည့် ခလုတ်နှစ်ခုထဲမှ ဒုတိယတစ်ခုဖြစ်သော Cash Wallet ထဲကို ထပ်မံဝင်ရောက်ပါ။
ဆက်လက်၍ Cash Wallet ထဲတွင် Menu နှစ်ခုရှိသည့်အနက် အပေါ်မှ ‘Transfer to Account’ ဆိုသည့်နေရာသို့ ဝင်ပါ။
နောက်စာမျက်နှာတွင် သင်၏ Cash Wallet နဲ့အတူ သင်၏ ဘဏ်အကောင့်ကို အတူတကွတွေ့ရမှာဖြစ်ပြီး Enter an amount ဆိုတဲ့နေရာမှာ ကိုယ်လွှဲပြောင်းလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ရမှာပါ။
မိမိထည့်သွင်းလိုတဲ့ ပမာဏကို ရိုက်ထည့်ပြီး ‘Next’ ဆိုသည့် ခလုတ်အစိမ်းကိုနှိပ်လိုက်ပါ။
နောက်တစ်ဆင့်မှာတော့ မိမိလွဲပြောင်းလိုတဲ့ ငွေပမာဏကို ပြသပေးမှာဖြစ်ပြီး ‘Transfer Now’ ကိုနှိပ်လိုက်ပါ။
ထို့နောက်မှာတော့ “Request Sent” ဆိုသည့် ပြေစာနဲ့အတူ ငွေလွဲပြောင်းမှု ပြီးဆုံးသွားပြီဖြစ်ပြီး Close ကိုနှိပ်၍ ပိတ်ထားနိုင်ပါပြီ။
Cash Wallet ထဲမှ ငွေများကို အထက်ပါအတိုင်း လွဲပြောင်းပြီးသည်နှင့် နောက်တစ်နေ့မှာ သင့်ဘဏ်အကောင့်ထဲတွင် သင်လွှဲပြီးထားသော ငွေများဝင်ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
Comments
0 comments
Article is closed for comments.