Grab FairPlay အစီအစဥ်ဆိုသည်မှာ Grab အသုံးပြုသူများအနေဖြင့် Grab လူထုအသိုင်းအဝိုင်းထဲတွင် မသမာသော လုပ်ဆောင်ချက်များ အားအကြောင်းကြားတင်ပြနိုင်သော နေရာဖြစ်ပါတယ်။
Grab မှ ခရီးသည်များ၊ ယာဥ်မောင်းများနှင့် မိတ်ဖက်များ၏ ဘေးကင်းစေရေး၊ လုံခြုံမှုနှင့် ဆိုးကျိုးများ ကျရောက်စေခြင်း များမှ ကာကွယ်ပေးခြင်းအား ယုံကြည်သည့်အလျောက် ဤအစီအစဥ်၏ အဓိကရည်ရွယ်ချက်မှာ Grab တွင် အသုံးပြုသူများအားလုံး ဘေးကင်းနိုင်သမျှ ကင်းစေရန်ပဲဖြစ်ပါတယ်။
တိုင်ကြားလာသည့် လိမ်လည်မှုများ၏ ပြင်းထန်မှုနှင့် ပုံစံကွဲပြားမှုပေါ်တွင်မူတည်၍ ဆုကြေးအနေဖြင့် US$ ၁၀၀၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ ပေးအပ်မည့် တန်ဖိုးအား ဆုံးဖြတ်ခွင့်ကို Grab မှလက်ကိုင်ထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပြီး ဖြေရှင်းပြီးဖြစ်သော ကိစ္စများအပေါ်တွင် ထပ်မံ၍ စုံစမ်းမေးမြန်းချက်များအား ပြန်လည်ဖြေကြားသွားမည် မဟုတ်ပါ။
FairPlay အစီအစဥ်နှင့်ပါတ်သက်၍ အချက်အလက်များပိုမိုသိရှိနိုင်ရန် Grab FairPlay လမ်းညွှန် တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အကယ်၍သင့်ထံတွင် မိတ်ဖက်ယာဥ်မောင်းများ၊ ခရီးသည်များ သို့မဟုတ် ကော်ပိုရိိတ် မိတ်ဖက်များ နှင့်ပါတ်သက်၍ မရိုးသားသောလုပ်ဆောင်ချက်များ၏ အချက်အလက်များရှိနေပါက အောက်ပါ FairPlay ပေးပို့တင်ပြခြင်း ပုံစံဖြင့် ပေးပို့နိုင်ပါတယ်။
ထို့နောက်ပိုင်း သင်မည်သူမည်ဝါဖြစ်သည်ကိုဖေါ်ပြခြင်းမှ ကာကွယ်ပေးထားရန် ပေးပို့မှုများကို အမည်မသိအနေဖြင့် ပြုလုပ်ထားမည်ဖြစ်ကြောင်း အာမခံပါတယ်။
မှတ်ချက်: FairPlay သည် အသုံးပြုသူများအနေဖြင့် မသမာသော ဆောင်ရွက်ချက်များကို ပေးပို့ရန်သက်သက် သာဖြစ်ကြောင်း အသိပေးချင်ပါတယ်။ အခြားကိစ္စများအတွက် (ဥပမာ - တိုင်ကြားချက်များ၊ တုံ့ပြန်ပြောကြားချက်များ၊ အကြံပြုချက်များ နှင့် မေးမြန်းစုံစမ်းလိုသည်များ အစရှိသည်) အကြောင်းကြားလိုသည်များအတွက် ကျွန်ုပ်တို့ရဲ့ Help Centre အားရည်ညွှန်းလိုပါတယ်။
Comments
0 comments
Article is closed for comments.