Grab အနေနှင့် သင့်အား အမြဲအလေးထားဂရုစိုက်လျှက်ရှိပါတယ်။ သင်၏အောင်မြင်မှုမှာ Grab ၏ အောင်မြင်မှုပဲဖြစ်ပါတယ်။ သင်သည် Grab နှင့်အတူ ခရီးသည်အား ဝန်ဆောင်မှှုပေးပြီးသည့်နောက်မှာ ခရီးသည်များရဲ့ အကောင်း (သို့) အဆိုး အကြံပြုချက်ကို ရရှိမှာ ဖြစ်ပါတယ်။
အကြံပြုချက်များအား သုံးသပ်ခြင်းမှတဆင့် သင်ကိုယ်တိုင်နှင့် သင်၏ယာဉ်မောင်းနှင်မှုပုံစံကို သိရှိနိုင်ပါတယ်။ ထိုသို့ သိရှိခြင်းအားဖြင့် သင်၏ အကောင်းဆုံးအတွေ့အကြုံနှင့် ကျွမ်းကျင်မှုကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ခြေလှမ်းတိုင်းမှာ သင်နှင့်အတူ ခရီးဆက်ရန် Grab မှ မျှော်လင့်ပါတယ်။
ယခုလုပ်ဆောင်ချက်နှင့် ထိုလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်များကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
ဤအကြံပြုချက် မှတ်တမ်း၏ ရည်ရွယ်ချက်
ဒီအကြံပြုချက်များမှတဆင့် ကျွန်ုပ်တို့၏ ပါတနာယာဉ်မောင်းများသည် အကောင်းဆုံးယာဉ်မောင်းအဖွဲ့အစည်းတစ်ခု ဖြစ်လာရန် ယုံကြည်ပါတယ်။ ယခု အကြံပြုချက်မှတ်တမ်းက သင့်တိုးတက်မှုအတွက် အထောက်အကူပြုပါလိမ့်မယ်။
ဤအကြံပြုချက်ကို ဘယ်လိုလက်ခံရရှိမလဲ
အပါတ်စဉ် အင်္ဂါနေ့တိုင်းတွင် ပြီးခဲ့သောရက်သတ္တပါတ်က အချက်အလက်တွေကို စုစည်းပေးပို့မှာပါ။
ဤအကြံပြုချက်ကို ဘယ်သူတွေ လက်ခံရရှိမလဲ
တစ်ပါတ်အတွင်း အနည်းဆုံးတစ်ကြိမ် Grab နှင့်မောင်းနှင်၍ဝန်ဆောင်မှုပေးဖူးသူတိုင်း ရရှိပါမယ်။
တချို့အချက်အလက်တွေ ဖော်ပြထားခြင်း မရှိတာ ဘာကြောင့်လဲ
သက်ဆိုင်ရာ အချက်အလက်တွေအတွက် အကြံပြုချက် မရှိလို့ ဖြစ်ပါတယ်။ မစိုးရိမ်ပါနဲ့၊ တခါတလေ သင့်ခရီးသည်က ဘာမှ အကြံမပြုတာကလည်း ကောင်းတဲ့ အချက်ပါ။
သင်၏ဝန်ဆောင်မှုနှင့်ပတ်သတ်၍ အကြံပြုချက် မရှိတာကြောင့် ဖြစ်ပါတယ်။ မစိုးရိမ်ပါနှင့်၊ တခါတရံမှာ သင်၏ခရီးသည်မှ မည်သည့်အကြံပြုချက်မှ မပေးခြင်းကလည်း ကောင်းသည့်အချက်ဖြစ်ပါတယ်။
ယာဉ်မောင်း၏ဝန်ဆောင်မှု နှင့် ကားအရည်အသွေး ဆိုတာဘာလဲ
ခရီးသည်များမှ သင်၏ပြောဆိုဆက်ဆံမှုနှင့် ကားအခြေအနေအား မည်သို့တိုးတက်အောင်လုပ်နိုင်သလဲ ဆိုသည်ကို ခံစားနားလည်းခြင်းဖြစ်ပါတယ်။ ဖော်ပြကထားသောရမှတ်များထက် ပိုမိုကောင်းမွန်သည့်အမှတ်များရရှိအောင် မည်သို့ဆောင်ရွက်ရမည်ကို သိလိုပါက ဤနေရာကိုနှိပ်၍ကြည့်နိုင်ပါတယ်။
ယာဉ်မောင်း၏ဝန်ဆောင်မှုနှင့် ကားအရည်အသွေးအတွက် အကြံပြုချက်ပေးသည့်သူကို သိနိုင်ပါသလား
ထိုသို့သောသတင်းအချက်အလက်များကို မျှဝေပေးခြင်းက Grab ၏ မူဝါဒနှင့် ဆန့်ကျင်ပါတယ်။ အကြံပြုချက်များကို သင့်အားအသိပေးခြင်းက ခရီးသည်များအပေါ်တွင် သင်၏ဝန်ဆောင်မှုအရည်အသွေးမည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက်သာ ဖြစ်ပါတယ်။
ယာဉ်မောင်းနှင်မှုပုံစံကို ဘယ်လို သိရှိနိုင်တာလဲ
Grab ၏ Telematics Program သုံးပြီး အရှိန်များခြင်း၊ ဘရိတ်ဆောင့်အုပ်ခြင်းနှင့် အကွေ့ကြမ်းခြင်း စသည့် အန္တရာယ်မကင်းသည့် မောင်းနှင်မှုများကို သိရှိနိုင်ပါတယ်။
ဘရိတ်ဆောင့်အုပ်ခြင်း၊ အရှိန်များခြင်းနှင့် အကွေ့ကြမ်းခြင်း ဆိုတာ ဘာတွေဖြစ်မလဲ
Grab ၏ Data Scientists များမှ တွက်ချက်သတ်မှတ်ထားမှုများတွင် -
ဘရိတ်ဆောင့်အုပ်ခြင်းနှင့် အရှိန်များခြင်း - ယာဉ်ပေါ် တွင် လိုက်ပါလာသူများအား ရှေ့ သို့ငိုက်ကျစေခြင်း (သို့မဟုတ်) နောက်လန်ကျစေခြင်း၊ ချည်နှောင်မထားသည့်ပစ္စည်းများ ထိုင်ခုံပေါ်မှ ပြုတ်ကျစေခြင်း။
အကွေ့ကြမ်းမှု - ယာဉ်ပေါ် တွင်လိုက်ပါလာသူများအနေနှင့် ဘေးသို့ ယိမ်းယိုင်စေခြင်း၊ ချည်နှောင်မထားသည့်ပစ္စည်းများ ထိုင်ခုံပေါ်မှ ဘယ်/ညာ ရွေ့စေခြင်း၊ ပြုတ်ကျစေခြင်း။
အကြံပြုချက်တွင် ဖော်ပြထားသည့်ရမှတ်ဂဏန်းများက ဘာကိုဆိုလိုပါသလဲ
ရမှတ်ဂဏန်းများသည် ၁၀ ကီလိုမီတာအတွင်း ဘရိတ်ဆောင့်အုပ်ခြင်း၊ အရှိန်များခြင်းနှင့် အကွေ့ကြမ်းခြင်းများ ပြုလုပ်သည့် အရေအတွက်ဖြစ်ပါတယ်။
ဥပမာ - ယာဉ်မောင်းသည် ၁၀ ကီလိုမီတာအတွင်း ၁.၂၃ ကြိမ် ဘရိတ်ဆောင့်အုပ်ခဲ့သည်။ ခရီးစဉ်အတွင်း ဘရိတ်အသုံးပြုခြင်း၏ ၂.၃၁ ရာခိုင်နှုန်း ရှိပါသည်။
သင်၏ရမှတ်များကို မိတ်ဆွေယာဉ်မောင်းများနှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မည်သူက ပိုမိုချောမွေ့စွာ မောင်းနှင်နိုင်လဲဆိုသည်ကို သိနိုင်ပါတယ်။ ညင်သာချောမွေ့စွာ မောင်းနှင်ခြင်းသည် ရေရှည်တွင် သင်၏ ဆီစားနှုန်းကိုလဲ သက်သာစေမှာ ဖြစ်ပါတယ်။
ထပ်မံသတိပြုရန်
ဤအချက်များကို သုညအထိ လျော့ချနိုင်မည်ဆိုပါက သင်၏အဆင့် သတ်မှတ်ချက်သည် တိုးတက်လာမှာဖြစ်ပါတယ်။
Comments
0 comments
Article is closed for comments.