သင့်ရဲ့တည်နေရာကို ချစ်ခင်ရသူများနှင့် မျှဝေထားခြင်းဖြင့် စိတ်အေးချမ်းစွာဖြင့်မောင်းနှင်လိုက်ပါ။
အမှတ်အသားကိုနှိပ်၍ Send Link ကိုရွေးချယ်ပါ
- SMS Emergency Contacts (အရေးပေါ်အဆက်အသွယ်များကို စာတိုပေးပို့ခြင်း) ကိုရွေးချယ်ခြင်းဖြင့်လဲ နောက်အဆင့်သို့ ကျော်သွားနိုင်ပါတယ်
- လင့်ခ် ကိုသင်ပိုမိုနှစ်သက်သော app ကိုရွေးချယ်ပြီး ချစ်ခင်ရသူများကို ပေးပို့လိုက်ပါ။
သင့်တည်နေရာမျှဝေနေခြင်းကို ရပ်တန့်ရန် အမှတ်အသားကို နှိပ်၍ Stop Sharing Location ကိုရွေးချယ်ပါ။
အခြားရွေးချယ်စရာအဖြစ် “Available” အခြေအနေမှ “Offline” သို့ပြောင်းလဲလိုက်ခြင်းဖြင့်လဲ လုပ်ဆောင်နိုင်ပါတယ်။
မှတ်ချက်: ဤလုပ်ဆောင်ချက်ကို သင် online ဖြစ်နေ၍ အလုပ်များလက်ခံရန်အသင့် available ဖြစ်နေစဉ်တွင်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မေးမြန်းလေ့ရှိသောမေးခွန်းများ
ခလုပ်ကို ခရီးစဉ်ပြင်ပ အချိန်တွင်နှိပ်မိပါက ဘာဖြစ်နိုင်သလဲ ?
ဤလုပ်ဆောင်ချက်ကို အလုပ်လက်ခံထားချိန်မဟုတ်လျင်ပင် အသုံးပြုနိုင်ပါတယ်။
သတိပေးချက် စာတိုများမှာ မိမိ မိုဘိုင်းဖုန်းနံပါတ်မှ ပေးပို့သွားမှာလား ?
သင့်ဖုန်းနံပါတ်ကို အသုံးပြုသွားမှာ မဟုတ်ပါဘူး။ စာတိုများအားလုံးကို Grab မှသင့်ကိုယ်စားပေးပို့သွားမှာဖြစ်ပြီး ကျသင့်သည်များကိုလဲ Grab မှသာကျခံသွားမှာဖြစ်ပါတယ်။
စာတိုသတိပေးချက်များကို မည်သည့်ဘာသာစကားဖြင့် ပေးပို့သွားမှာလဲ ?
စာတိုသတိပေးချက်များကို အင်္ဂလိပ်ဘာသာဖြင့် ပေးပို့သွားမှာဖြစ်ပါတယ်။
စာတိုသတိပေးချက် ပေးပို့ခြင်းပြုလုပ်ပြီးပါက မိမိရဲ့အရေးပေါ် အဆက်အသွယ်မှ လက်ခံရရှိကြောင်းကို ဘယ်လိုသိနိုင်မလဲ ?
ပေးပို့ခြင်းပြုလုပ်ပြီးပါက စာတိုပေးပို့ပြီးဖြစ်ကြောင်းကို အမှန်ခြစ် ဖြင့်ဖေါ်ပြထားမှာဖြစ်ပါတယ်။ သို့သော်လည်း ထိုအမှန်ခြစ်မှာ ဖတ်ရှုပြီးဖြစ်ကြောင်းကိုတော့ ဖေါ်ပြမည်မဟုတ်ပါ။
ဆက်စပ်အကြောင်းအရာ:
Comments
0 comments
Article is closed for comments.